ပြောတော့ဘုရား၊ ကိုယ့်စကားမှ
ကိုယ်အားမနာ၊ ယုံကြည်ပါလည်း
မြတ်စွာဘုရား၊ ရှေ့မှာထားလျက်
လမ်းမှားလွဲချော်၊ ကျောင်းဆောင်ပေါ်တင်
ဘိုးတော်ပွဲပြင်၊ စားပေါက်ထွင်သည့်
သင်၏ဗုဒ္ဓံ၊ သရဏံမှာ
အမှန် ဂစ္ဆာမိပါ့မလား။
ပြောတော့တရား၊ ကိုယ့်စကားမှ
ကိုယ်အားမနာ၊ တရားရှာလည်း
စာပေကျမ်းဂန်၊ အာဂုံပြန်၍
ကြံစည်ကိုယ်ကျိုး၊ စီးပွားတို့ဖို့
ချဲထိုးဗေဒင်၊ ဟောခွင်ဆင်သည့်
သင်၏ဓမ္မံ၊ သရဏံမှာ
အမှန် ဂစ္ဆာမိပါ့မလား။
ပြောတော့သံဃာ၊ ကိုးကွယ်တာက
ရွာကျောင်းဘုန်းကြီး၊ ထင်မကြီးဘဲ
လိုက်ပြီးရှာဖွေ၊ ယတြာချေမှ
ငွေရနိုင်မှု၊ ဘုန်းကြီးတုကို
ပြုစုလိုသည့်၊ ကိုယ်ကြိုးကြည့်သော
သင်၏သံဃံ၊ သရဏံမှာ
အမှန် ဂစ္ဆာမိပါ့မလား။