“လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ"
လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ၊
ဘယ်မှာပန်းများ ၊ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမှု၊
ဘယ်မှာမြေကြီး ၊ ကျန်မည်နည်း။
ကျရှုံးတိုင်းတာ ၊ ငိုရပါမှု၊
ဘယ်မှာ မျက်ရည် ၊ ကျန်မည်နည်း။
အမှောင်တစ်ဝက် ၊ လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ ၊ ကြုံမြဲသာတည်း။
အရှုံးတစ်လှည့် ၊ နိုင်တစ်လှည့်မှာ၊
မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း။
ဘ၀သည်ကား ၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော ၊ လူ့ရွာတောဝယ်၊
လင်းသော ၊ မှောင်သော
အောင်သော ၊ ရှုံးသော
မုန်းသော ၊ ချစ်သော
သစ်သော ၊ ဟောင်းသော
ပူသော ၊ အေးသော
နုသော ၊ ကြမ်းသော
စောကြာ စိတ်ဖြာ ၊ မနေပါပေ။
လဲရာကထ ၊ ကျရာကတက်၊
ပျက်ရာကဆောက် ၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ ၊ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။