Posts

Showing posts from July, 2013

ဆီချိုပျောက်သော ဆေးနည်းတစ်လက်

Image
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး

ဂစ္ဆာမမိ လူဒိဋ္ဌိတို

Image
ပြောတော့ဘုရား၊ ကိုယ့်စကားမှ    ကိုယ်အားမနာ၊ ယုံကြည်ပါလည်း မြတ်စွာဘုရား၊ ရှေ့မှာထားလျက် လမ်းမှားလွဲချော်၊ ကျောင်းဆောင်ပေါ်တင် ဘိုးတော်ပွဲပြင်၊ စားပေါက်ထွင်သည့် သင်၏ဗုဒ္ဓံ၊ သရဏံမှာ အမှန် ဂစ္ဆာမိပါ့မလား။ ပြောတော့တရား၊ ကိုယ့်စကားမှ ကိုယ်အားမနာ၊ တရားရှာလည်း စာပေကျမ်းဂန်၊ အာဂုံပြန်၍ ကြံစည်ကိုယ်ကျိုး၊ စီးပွားတို့ဖို့ ချဲထိုးဗေဒင်၊ ဟောခွင်ဆင်သည့် သင်၏ဓမ္မံ၊ သရဏံမှာ အမှန် ဂစ္ဆာမိပါ့မလား။ ပြောတော့သံဃာ၊ ကိုးကွယ်တာက ရွာကျောင်းဘုန်းကြီး၊ ထင်မကြီးဘဲ လိုက်ပြီးရှာဖွေ၊ ယတြာချေမှ ငွေရနိုင်မှု၊ ဘုန်းကြီးတုကို ပြုစုလိုသည့်၊ ကိုယ်ကြိုးကြည့်သော သင်၏သံဃံ၊ သရဏံမှာ အမှန် ဂစ္ဆာမိပါ့မလား။

“လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ"

Image
လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ၊ ဘယ်မှာပန်းများ ၊ ကျန်မည်နည်း။ လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမှု၊ ဘယ်မှာမြေကြီး ၊ ကျန်မည်နည်း။ ကျရှုံးတိုင်းတာ ၊ ငိုရပါမှု၊

သစ်မွှေးအကြောင်း သိကောင်းစရာ

Image
 သစ်မွှေး သစ်မွှေးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း လယ်မြေတွင် စိုက်ပျိုး၍မရပါ။ သစ်မွှေးစိုက်ပျိုးလျှင် ၁။ ရေရရှိရမည်။ ၂။အရိပ်ရရှိရမည်။ ၃။ရေမ၀ပ်စေရပါ။ ထိုအချက် ၃ချက်နှင့် ညီလျှင် စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ၂နှစ်သား အထိ အရိပ်ကောင်းစွာ ရရှိရန်လိုအပ်ပါသည်။ ၂နှစ်ကျော်ပါက အရိပ်ပေးရန် မလိုတော့ပါ။  ရာဘာ သီဟိုဠ် သရက်ပင်များကြား၌ ပင်ကြား စိုက်ပျိုးနိုင်ပါသည်။ သစ်မွှေး စိုက်ပျိုးပါက ၁.၅ ၁ပေခွဲ ပတ်လည် နှင့် ၁ပေခွဲ အနက် ကျင်းတူးပြီး စိုက်ကျင်း အတွင်း N:P:K  ၁၅း၁၅း၁၅ (သို့) ၁၆း၁၆း၁၆ ၁ဗူး၊ နွားချေး ၁ပြည်၊ ကြက်ချေး ဗူးတ၀က်၊ မြေဆွေး ၂ပြည် ထည့်၍ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်နှင့် တစ်ပင် ၄ပေ ၆ပေ ၈ပေ ၁၀ ပေ ခြား စိုက်ပျိုးနိုင်သည်။ ၄-၅ပေခြား စိုက်ပျိုးခြင်းဖြင့် အရိပ် ရေ ၁၂လ ပတ်လုံးပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၄ – ၅ နှစ်ကြာပါက လုံးပတ် ၁၈လက်မ  ရှိလျှင် မှိုစတင်သွင်း၍ အဆီ အခဲ ရယူထုတ်လုပ်နိုင်ပါပြီ။ မှိုသွင်းခြင်း လုပ်ငန်းအား ဆောင်ရွက်သည့် ကုမ္ပဏီ အဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ တွင် များစွာ ရှိနေသည့် အတွက် စိတ်ကြိုက် ရွေးချယ် ထုတ်လုပ်နိုင်ပါသည်။...

ပဒုမ္မာ စိတ်ဓာတ်

Image
ပဒုမ္မာကြာပန်းသည် ရွံ့ညွှန်များထဲတွင်ပေါက်သော်လည်း ရနံ့သည် မွှေးကြိုင်၏ လှပတင့်တယ်၏။ လူဆိုးလူမိုက်များနှင့်နေရသော်လည်း ကျွန်တော်တို့၏စိတ်ကို ပဒုမ္မာကြာပန်းကဲ့သို့ပြုကျင့်ရမည်။

သာယာသောနေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ

Image
နံနက်မိုးသောက် အလင်းရောက်လို့ အရှေ့ဝန်းမှ နေမင်းထွက်ပေါ်လာသောအချိန်အခါနေ့ရက်တိုင်း

အမှားတစ်ရာမှ အမှာတရားသို့.............

Image
ကျွန်တော်တို့အားလုံးနေ့စဉ်လုပ်ငန်းများကိုလုပ်ကိုင် နေကြပါသည်။အလုပ်တစ်ခုကိုလုပ်ရင်အမှားဆိုတာ တစ်ခါတစ်လေရှိတတ်စမြဲပါ။ ကျွန်တော်တို့ရဲ့ အဖိုး အဖွားများက သူတို့ရဲ့ အမှားတွေကို သင်ခန်းစာယူပြီး နောင်လာနောက် သားများကိုမမှားရလေအောင်ဆိုပြီး....။ အမှားတစ်ရာကနေ အမှာတရားကိုပြောင်းခဲ့တာပါ။                         ကျွန်တော်ဆရာပြောသောစကားလေးတစ်ခွန်းပါ။

နေထိုင်ဖွယ်အကောင်းဆုံးနေရာ

Image
ဒေသတစ်ခုသည် ရွာ-ဖြစ်ချင်ဖြစ်မည်။ တော-ဖြစ်ချင်ဖြစ်မည်။ ချိုင့်ဝှမ်း-ဖြစ်ချင်ဖြစ်မည်။ ကြည်းကုန်း-ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ- သူတော်စင်များနေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုနေရာ ထိုဒေသသည် ကမ္ဘာ့မြေအပြင်တွင် မွေ့လျော်ဖွယ် အကောင်းဆုံးဖြစ်၏။

“တို့ဖခင်”

Image
သူ သူသည် ဓါးမခုတ် ၊ တောင်ယာလုပ်သည့် ကျောမွဲ လူတန်းစားမှ ဆင်းသက်လာသူမဟုတ် ။ သူ သူသည် နေပူပူ ၊ မိုးရွာရွာ ကျွဲ ၊ နွားနှင့်လှုပ်ရှား လယ်သမားမျိုးရိုးမှ မွေးဖွားလာသူလည်းမဟုတ်။

"မုန့်စားရင်း၊လှည်းစီး"

Image
စာအုပ်စာပေလူ့မိတ်ဆွေဆိုပြီးကျွန်တော်တို့စာပေများစွာကိုလေ့လာဖတ်ရူ့ကြပါသည်။ အောင်မြင်သော ဘ၀တစ်ခုကိုပိုင်ဆိုင်စေရန် အောင်မြင်သူတို့၏အကြောင်းများရေးသားထားသော စာအုပ်များကိုလေ့လာ ကြပါသည်။  

လောကဓံ နှင့် ကြံ့ခိုင်သည့် စိတ်ထား

Image
ကျွန်တော်တို့အားလုံး နေ့စဉ်နှင့်အမျှ စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေလုပ်ကိုင်ကြပါသည်။ ထိုကဲ့သို့ ကြိုးစားကြရာတွင်လောက၏တိုက်ခိုက်သည့်ဒဏ် လောကဓံများကိုတွေ့ကြုံရပါသည်။ လောကဓံများနှင့်ကြုံသော အခါတိုင်းနောက်ဆုတ်တွန့်ယုတ်မသွားစေရန်အတွက်...... ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ၏ လောကဓံ နှင့် ကြံ့ခိုင်သည့်စိတ်ထား ဆိုသောတရားတော်လေးကိုနာယူကြည်ညိုရင်း လောကဓံများမှ ကင်းဝေးနိုင်ပါစေ.....။

ဘုရားရှင်၏ ခမည်းတော် ပုဏ္ဏား

Image
              သာကေသမြို့သို့ ဘုရားရှင် ကြွတော်မူစဉ် ဘုရားရှင်၏ ခမည်းတော် ပုဏ္ဏားကြီး ပရိနိဗ္ဗာန်ပြုရခြင်းကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။ ဘုရားရှင်သည် ရဟန်းအပေါင်းနှင့်တကွ သာကေတမြို့သို့ ကြွတော်မူသောအခါ သာကေတမြို့မှ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့သည် ဘုရားရှင်ကို သားဟုခေါ်ဝေါ်၍ အိမ်သို့ပင့်ပြီးလျှင်

“နတ် လူတို့ ပျက်စီးကြောင်းတရား”

Image
၁။ အလိမ္မာနည်းခြင်း။ ၂။ တရားကိုမုန်းခြင်း။ ၃။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။ ၄။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။ ၅။ သူယုတ်သူမိုက်တို့၏စကားကို နှစ်သက်၏။ ၆။ အအိပ်စုံမက်ခြင်း။ ၇။ ပွဲလမ်းသဘင် လိုက်စားခြင်း။ ၈။ ထကြွလုံ့လ မရှိခြင်း။ ၉။ ပျင်းရိထိုင်းမှိုင်းခြင်း။ ၁၀။ အမျက်တံခွန်ထောင်ခြင်း။ ၁၁။ အိုမင်းသော မိဘကို မပြုစု မကျွေးမွေးခြင်း။ ၁၂။ ရဟန်းတော်များနှင့် တောင်းစားသူတို့အား လိမ်လည်ခြင်း။

ှဆရာ (၂) မျိုး

Image
ကျွန်တော်တို့အားလုံးသည် ငယ်စဉ်တောင်ကျေးကလေးဘ၀မှစပြီး ယနေ့အချိန်ထိ

တန်ဖိုး

Image
တစ်ခါတုံးက ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။  သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး  တစ်ဘက် တစ်ချက်မှာ ထမ်းပြီး  ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက  နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊  ရေတွင်းကနေ သူ့အိမ်ဘက်  ရေသယ်လာတိုင်း စိမ့်တာပေါ့။  ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။

ငါသေရင်မငိုနဲ့

Image
(၁) ကိုယ်သေရင် မငိုနဲ့ ပါးစိုရုံ ရှိမှာပေါ့။ သပိတ်မသွတ်နဲ့ လွတ်ပြီးသား ကျွတ်ပြီးသား။ ထမင်းမထုပ်နဲ့ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။ အိုးမခွဲနဲ့ အိုးမလို

"ငါ့ဘ၀ဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ"

Image
သေခါနီးတဲ့အခါမှာ အရင်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေ ပြန်တွေးကြည့်တော့ အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်တယ်။ ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးတွေနဲ့  တစ်ယောက်နဲ့  တစ်ယောက် စွပ်စွဲခဲ့တယ်၊ မုန်းခဲ့တယ်၊ ရန်ဖြစ်ခဲ့တယ်၊မခေါ်နိုင်မပြောနိုင်အကြီးအကျယ်စိတ်ဆင်းရဲခဲ့တယ်။လူအများအထင်ကြီးအောင်၊ဂုဏ်ရှိအောင်ဆိုပြီးတော့ ဘ၀ရဲ့ အင်မတန် တန်ဖိုးရှိတဲ့အချိန် တော်တော်များများ နှစ်ပေါင်းများစွာကို ပေးခဲ့တယ်။ လူများအထင်ကြီးမယ့်အလုပ်မျိုးလုပ်ခဲ့တယ်။စားဝတ်နေရေးနဲ့ ပက်သက်ပြီးတော့လည်း ကောင်းကောင်းစားရဖို့ ၊ ကောင်းကောင်းနေရဖို့ ၊ ကောင်းကောင်းဝတ်ရဖို့  လုပ်ခဲ့တယ်။ စားဝတ်နေရေးဟာ အခြေခံအနေနဲ့  လိုအပ်တာအမှန်ပဲ။ ဒါပေမယ့် ဘ၀မှာ ဒါတွေဟာ အရေးကြီးဆုံးအလုပ်တွေပဲလား။   သေခါနီးကျမှ စဉ်းစားမိတယ် - "ငါ့ဘ၀ဟာ တကယ်တော့ သူများအတွက် နေခဲ့တာပါ" ။ လူတွေကတော့ ကိုယ့်ဘ၀ကို ကိုယ့်အတွက် ကိုယ်နေတယ်လို့  ထင်ကြတယ်။ အတ္တစွဲကြီးကြီးနဲ့  ဒီလိုပဲ တွေးကြမှာပါပဲ။ ဘယ်လောက်ပဲ အတ္တစွဲကြီးကြီးနဲ့ တွေးတွေး လူတွေဟာ ကိုယ့်ဘ၀ကို ကိုယ့်အတွက်ကိုယ်နေတာ မဟုတ်ပါဘူး။

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး

Image
အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မြ မင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။ “အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။ ‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးမှာ ...

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား

Image
“လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား” တဲ့။ လောကမှာလူတွေ တွေ့ကြုံနေရတဲ့ လောကဓံဟာ မုန်တိုင်းလိုပြင်းထန်တယ် မုန်တိုင်းလိုပြင်းထန်နေတဲ့ လောကဓံနဲ့ ကြုံတွေ့တဲ့အခါမှာ ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးဆိုရင် ပြိုလဲသွားနိုင်တယ်။                                                              လောကဓံ (၈)မျိုး မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ် မှာ ဟောထားတာ။ ဒါ မြန်မာ ပရိသတ်တွေ လောကဓံ ရှစ်မျိုး ဆိုတာကိုတော့ လူတိုင်းသိကြတယ်။ မြတ်စွာဘုရားက-“လောကဓမ္မာ လောကံအနုပရိဝတ္တ န္တိ” ဟောဒီလောကရဲ့ သဘာဝတရားတွေက လောကနောက် အစဉ်မပြတ် လိုက်နေတယ်တဲ့။ တစ်ခါ အပြန်အားဖြင့်- “လောကော စ လောကဓမ္မေ အနုပရိဝတ္တတိ” လောက, ကလည်း၊ လောက သဘာဝနောက် အမြဲလိုက်နေတယ်လို့၊ လောကသားနဲ့ ဟောဒီလောကရဲ့ သဘာဝတွေဟာ အပြန်အလှန်ဆက်သွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော်။ အပြန်အလှန် ဆက်စပ်နေတယ်။ လောကကို ပါဠိစာပေမှာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လို့ (၃)မျိုး ခွဲတယ်။ သ...

ဘ၀အရေး စိတ်အေးရလေအောင်

Image
ဘ၀သံသရာခရီးကို လျှောက်တဲ့အခါမှာ ဒီဘ၀ နောင်ဘ၀ဆိုတာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ လူတွေဟာ မိမိတို့ဒီဘ၀မှာရှိနေကြတယ်၊ ဒါကိုတော့ လူတိုင်းလက်ခံကြတယ်။ နောင်ဘ၀ ရှိတယ် မရှိဘူး ဆိုတာကိုတော့ လူတိုင်း လက်မခံဘူးပေါ့၊ သို့သော်လည်း ဒီဘ၀အရေးစိတ်အေးရတဲ့ ပုဂ္ဂိုလ်တွေကော ရှိရဲ့လားဆိုလို့ရှိရင် မရှိနိုင်ဘူးပေါ့။ လုံးဝစိတ်အေးရပြီလို့ ပြောတဲ့ပုဂ္ဂိုလ်က တကယ်ကော စိတ်အေးရတာဟုတ်ရဲ့လား၊ မဟုတ်ဘူး။   သို့သော် လူတွေကတော့ ပြောကြတယ်၊ ဘ၀အရေး စိတ်အေးရပြီတဲ့။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ဖားဘဝလေး

Image
တခါတုံးက အ၀ကျဉ်းကျဉ်း ပုလင်းရှည်ရှည် တစ်လုံးထဲမှာ ဖားသုံးကောင် ရှိသတဲ့... (ဖားတွေ ဘယ်လိုလုပ်ပြီး အ၀ကျဉ်းကျဉ်းပုလင်းထဲ ရောက်နေတာလဲ မမေးနဲ့... ပုံပြင်လို့မှတ်) အဲ့ဒီလိုနဲ့ သူတို့တွေ ပုလင်းရှည်ရှည်လေးထဲမှာ အိပ်လိုက် စားလိုက် ခုန်ဆွ ခုန်ဆွ လုပ်လိုက်နဲ့ နေလာလိုက်ကြတာ ကြာလာတော့ ငါတို့ ဒီလို နေလို့တော့ မဖြစ်တော့ဘူး... အခုတလော သူများတွေလည်း Change Change နဲ့ အော်နေကြတာ... ငါတို့လည်း change ကြစို့... တို့ ပုလင်းထက် ပိုပြီး ကျယ်ပြန့်တဲ့ အပြင်လောကကို သွားကြရအောင်ကွာ ဆိုပြီး တစ်ခြား ဖားတွေကို ညှိတဲ့အခါ ဖား ၃ ကောင်လုံး တိုင်ပင်ဆွေးနွေး ဒူးတွေ ပွန်းပြီးတဲ့ နောက်မှာ ပုလင်းထဲက ထွက်မယ်ဆိုတဲ့ အဖြေကို ရသတဲ့...

တရားအားထုတ်သည့်အခါ ........

Image
တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။ ပြီးတော့ "ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း" ဆိုတဲ့ ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စ ၅-ပါး) ကို လုပ်ဆောင်ရမယ်။ ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာ လှူထား။ ၂။ ဆရာ မိဘ ပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏ - လို့ဆို။ ၃။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် မြို့စောင့်နတ် သာသနာစောင့်နတ်နဲ့ တကွ သတ္တ၀ါအားလုံးအား ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။ ၄။ ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူး ပြုပါစေသတည်း - လို့ဆို။ ၅။ မရဏာနုဿတိ - ငါသည် ဘ၀များစွာက သေခဲ့တာ မှားလှ...